Wednesday, March 21, 2007

..........ရေတံခွန်ကို ဘယ်လိုသွားမလဲ............



ဒီရေတံခွန်ကတော့ ကျွန်တော် Crazy ဖြစ်ပြီးအားတိုင်းသူငယ်ချင်းတွေနဲ့
စုပြီးသွားနေကျနေရာလေးပါ... Mandalay ကနေသွားမယ်ဆိုရင်မေမြို့ လမ်း
ကနေသွားရမှာပါ...ရွှေစာရံဘုရား သွားတဲ့
လမ်းကနည်းနည်းကျော်သွားရင်မြန်မာဆင်ဘိလပ်မြေစက်ရုံ ဆိုတဲ့ဆိုင်းဘုတ်ကိုရှာပြီးကွေ့  ရမှာပါ...
ဖုန်တော့နည်းနည်းထူပါတယ်...နည်းနည်းသွားပြီးရင် သံတံခါးတစ်ခုကိုတွေ့ 
ရင်ဝင်သွားလိုက်ပါ...တည့်တည့်ဆက်သွားရင်လူနေအိမ်တွေ တွေ့ ရပါလိမ့်
မယ်...ဘယ်ဘက်ကိုကွေ့ ရမှာပါ...
သေချာအောင် "ရေတံခွန်ကိုဘယ်လိုသွားရမလဲခင်ဗျ"
ဆိုပြီး မေးပြီးသွား
လိုက်ပါ...ရေတံခွန်အသေးကိုအရင်ရောက်ပါလိမ့်မယ်...အဲဒီနေရာကလည်း
တော်တော်လေးသာယာပါတယ်...ရေတံခွန်ကြီးကိုဆက်သွားမယ်ဆိုရင်တော့
အချိန်ရယ် ဇွဲရယ်လိုအပ်ပါတယ်...ပင်ပန်းမှုနဲ့ ထိုက်တန်တဲ့ပျော်ရွှင်မှု
ရမယ်ဆိုတာတော့ကျွန်တော်အာမခံပါတယ်...

Wednesday, March 14, 2007